ရီရလွန်းလို့

ဒီဗီဒီယို ကလစ်ကို စကြည့်တုန်းက အဲဒီလောက် ရီရမယ် မထင်ထားမိဘူး။ ရီရင်းနဲ့ မျက်ရည်တောင် ထွက်တယ်။ ကိုယ့်လိုပဲ ရယ်မောရင်း ဘ၀အမောတွေကို ဖြေဖျောက်ချင်သူတွေအတွက် ဝေမျှလိုက်ပါတယ်။ MetaCafe ကနေ ရှာရှာဖွေဖွေ တင်ထားတတ်တဲ့သူကို တကယ် ကျေးဇူးတင်မိပါရဲ့ ။ အဲဒီလို ဗီဒီယိုလေးတွေလည်း ရှာတတ်ရင် ရှိဦးမယ်ထင်တယ်။

ဒါပေမယ့် Metacafe ကနေ တိုက်ရိုက် တင်လို့မရလိုက်လို့ နှစ်မျိုး စမ်းကြည့်တယ်။ Media Fire မှာ အရင် သိမ်း၊ ပြီး အဲဒီက link ကို ပြန်ထည့်တာရယ်၊

(ဒါပေမယ့် ကံမကောင်းစွာနဲ့ အဲဒီနည်းလမ်းက မအောင်မြင်လိုက်ဘူး 😦  )

Youtube မှာ သွားပြီး Upload လုပ်တာရယ်ပေါ့။

ကွန်ပျူတာကနေ တိုက်ရိုက် မတင်တာက ကြာတာရယ်၊ ပြီးတော့ ကိုယ့် ကွန်ပျူတာ ဘယ်အချိန် ပျက်မလဲ မသိတာရယ်ကြောင့်ပါ။ အလကား ရမယ့် File Hosting တွေ လိုက်ရှာပြီး သိမ်းတတ်တာအကျင့်ဖြစ်နေပြီလေ။ 😀

စာကြွင်း။                        ။ တကယ်တော့ သူများလို နှစ်သစ် ဆုတောင်းတွေ ဘာတွေ တောင်းပေးဖို့က ကိုယ်တိုင် အရှုပ်တွေလုပ်၊ အလုပ်တွေရှုပ်ရင်း မေ့နေတာ။ နှစ်သစ်မှာ ရယ်စရာလေး တစ်ခုခုနဲ့ ဖွင့်ချင်လို့ ဒီပို့စ်လေးတင်လိုက်တာပါ။ အားလုံး ကိုယ်ရောစိတ်ပါ ရွှင်လန်းစွာနဲ့ မင်္ဂလာနှစ်သစ်မှာ ပျော်ရွှင်နိုင်ကြပါစေ။

Advertisements