Resolutions!!!!!

အလုပ်ကို အလုပ်နဲ့ တူအောင် လုပ်တဲ့ ကိုယ်ကိုယ်တိုင် ပြန်ဖြစ်ချင်တယ်။ (လွန်ခဲ့သော ၁၀ စုနှစ်က ပြန်မရတော့မယ့် Energy တွေ ပြန်တမ်းတလို့ အပိုပါပဲလို့ တွေးမိပေမယ့်ပေါ့လေ)

ဖတ်ချင်လို့ ဝယ်ထားတဲ့ (လျှော့ဈေးလည်းရလို့ပါ) စာအုပ် ၃ အုပ်ရှိသွားပြီ။ တစ်အုပ်မဟုတ်တစ်အုပ် ဆုံးခန်းတိုင် ရေလည်အောင် ဖတ်ဖြစ်ချင်တယ်။

အိမ်ကို တစ်ခေါက်လောက် ပြန်ဖြစ်ချင်တယ်။

သဲသဲကွဲကွဲ မမြင်ရတာ ကြာသွားပြီဖြစ်တဲ့ ကိုယ်ဘာလဲ၊ ဘယ်လဲ၊ ဘာလုပ်နေလဲ၊ ဘာလုပ်မှာလဲ၊ဆိုတာတွေ ကြည့်ဖြစ်ဖို့ မျှော်လင့်ပါတယ်။

Audio Book တွေ ရှာပြီး ဖတ်ဖြစ်ချင်တဲ့ စာအုပ် ၄ အုပ်ရှိတယ်။ အဲဒါတွေ တွေ့မယ်၊ ရမယ်၊ နားထောင်ဖြစ်ချင်ပါတယ်။

ပိုက်ဆံနဲ့ အချိန်နဲ့ မျှသလိုရှိသွားတဲ့အချိန်မှာ စိတ်ဆန္ဒလည်း ကျန်နေဦးမယ်ဆိုရင် စာထပ်သင်ပြီး Certificate တစ်ခုလည်း ရချင်ပါတယ်။

Google Reader မှာ Unread ပေါ်နေတဲ့ Post အရေအတွက်ကို လျှော့ချပြီး ဟုတ္တိပတ္တိ စာဖတ်ဖြစ်မယ်လို့လည်း ထင်ပါတယ်။ 

အဝေးကြီးကို မကြည့်ဘဲ နီးနီးနားနားဖြစ်နိုင်တာကိုသာ စဉ်းစားရမယ်ဆိုရင် ခုလာမယ့် တရုတ်နှစ်သစ်ကူးမှာ ဘလော့ပို့စ်တစ်ခု (သို့) FaceBook Note တစ်ခု တက်ဖြစ်ချင်ပါတယ်။ (ရာနှုန်း ၈၀)

Advertisements

2 thoughts on “Resolutions!!!!!

  1. ပျောက်နေတာ ကြာပေါ့။ အလုပ်တွေများနေတာလား။ အဆက်အသွယ် ဖြတ်ထားတာလား။ 😀

  2. ကိုကြီးဒီဘီရေ။ အရှုပ်တွေလည်း လုပ်ရင်း အလုပ်တွေပါ ရှုပ်နေလို့ပါဗျာ။ ဟိုတလောက Gtalk တောင် မေ့တေ့တေ့ ဖြစ်သွားသေးတယ်။ 😦

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s