Come Talk to Me

just a blink of eye didn’t you even spare me

just a sigh of breath didn’t you even share me

just a crack of silence didn’t you even broke me out

just an edge of your cloth didn’t you even stroke me out

Download this MP3 – (Right Click)

Alas……………………………..

I’m such a fool

I’m such an idiot

I’m such a murderer

I’m such a stray

I’m such a crazy naive

Please………………………..

Let my hands to reach your cloth-edges

Let my words to reach your headphone, wireless

Let me reach your hand

Let me please be a member of your gang

Come on!!!!!

Take a look at me now!

ဆိတ်ညံမှု

၉တန်းက မဲဇာတောင်ခြေပဲလား၊ ၁၀တန်းက မိခင်သောကမှာပဲလား အဲဒီ “ဆိတ်ညံ”ဆိုတဲ့စကားလုံးကို မှတ်မိနေခဲ့တာ။ တိတ်ဆိတ်လွန်းမက တိတ်ဆိတ်တော့

အဲဒီ တိတ်ဆိတ်မှုကိုယ်တိုင်က ခံစားသူအတွက် ဆူညံလာတော့သလိုမျိုး။

ကိုယ့်အတွေးတွေ၊ ကိုယ့်အပြောတွေက ကိုယ့် Privacy ကို Trade လုပ်နေသလိုဖြစ်လာမှာက တစ်ကြောင်း၊ ထွေရာလေးပါး တွေးလေ့ပြောစ မရှိတာ ကြာသွားတာက တစ်ကြောင်း၊ စိတ်ညစ်စရာတွေ များနေတာတစ်ကြောင်း . . .  အကြောင်းကြောင်းတွေနဲ့ ဘလော့ကို ပြန်ကို လှည့်မကြည့်ဖြစ်တာ နှစ်ပေါက်လုနီးနီးဖြစ်သွားပါရော။

ပိုက်ဆံဆိုတာ Facebook ထဲက ဂိမ်းတွေမှာလို အလိုလို ၀င်မနေကြောင်း၊ ဘေဘီလုံက သူကြွယ်ရဲ့ အိတ်ထဲကို အလိုလိုစီးဝင်နေတဲ့ ငွေစီးကြောင်းမျိုး ကိုယ့်မှာ မရှိသေးကြောင်း ကိုယ့်ကိုယ်ကို နားချရင်း

ကွန်ပျူတာနဲ့ မျက်နှာချင်းဆိုင်ထိုင်ရင်း

ဂဏန်းတွက်စက် ဘေးချ၊ မြင်သမျှပစ္စည်းကို တန်ဖိုးသင့်ပြီး စာရွက်တိုင်းမှာ ပိုက်ဆံတွေ မြင်ယောင်ရင်း

တိတ်ဆိတ်တဲ့ ရုံးခန်းမှာ မခံနိုင်အောင် ငွေသံတွေ ဆူညံနေလေရဲ့။

မျက်စိထဲမှာတော့ မကြာသေးခင်က Boss ကနေ Main Contractor ဆီမှာ ပိုက်ဆံသွားတောင်းဖို့ (အမှန်က Payment – Claim ညှိဖို့ပါ) လူမိုက်ငှါးခံလိုက်ရတဲ့ အချိန်မှာ ကိုယ့်ဗိုက်ကို ဦးတည်နေတဲ့ ဓါးတွေ တန်းစီပြီး မြင်ယောင်လာသလိုပဲ။

လတ်တလောမှာ စိတ်ချမ်းသာစရာရယ်လို့ မယ်မယ်ရရ မစဉ်းစားမိတာနဲ့ ခုလည်း ညည်းချင်းပဲ အရင်းထွက်လာပါပကော။ စိတ်ရှုပ်လို့ မြစ်ကမ်းပါးသွားထိုင်တာ သပွတ်အူမျောလာတာနဲ့တိုးနေသလိုမျိုး . . .

ခုတစ်ပုဒ်လည်း အဆုံးမသတ်ပြန်ပါလေ။  အင်း . . . . . . . . . .