Current Status

ပဲကြီးလှော်ကြား ညပ်သည့် ဆားကဲ့သို့ ဖြစ်နေပါသည်။

ဂလိုရေးမိတော့ ပဲကြီးလှော်စားချင်လာသည်။ ပဲကြီးလှော် စားပြီး ရေသောက်လိုက်လျှင် ဗိုက်တင်းသွားမည်။ ပြီးတော့ မျက်လုံးစင်းလာမည်။ “ တော်တော်လေးများ စားမိလျှင် မော်တော်လေးများထွက်သလို”ဆိုသော ရထားပေါ်၊ ကားပေါ်၊ သဘောင်္ပေါ်မှာ အော်တတ်သည့် ကြော်ငြာသံလည်း ကြားယောင်သည်။ လေယာဉ်ပျံပေါ်တော့ သည်လိုအော်သံကြားရမည် မဟုတ်။လက်ထဲမှ အသားပြားညှပ်ပေါင်မုန့်ကို လက်စသတ်မျိုချပြီး ရေတစ်ကျိုက် မော့လိုက်သည်။

လောလောဆယ် ဖင်ခုထိုင်ထားသော ၀ါယာကြိုးခွေကို ညာဖက် နည်းနည်း ထပ်ရွှေ့လိုက်လျှင် နံရံမှာ တွဲလောင်းကျပြီး ပုခုံးနား ၀ဲနေသော ၀ါယာကြိုးစနှင့် နည်းနည်းပိုဝေးသွားမည်။ သုတ်ဆေးဗူးခွံပေါ်တင်ထားသော Laptop နှင့်လည်း ဝေးသွားမည်။ နောက်ထပ် ၅ မိနစ်လောက် ဒီအတိုင်း ဆက်မှေးနေချင်သေးသည်။

ဘာများဖြစ်သည်မသိ။ နံရံထောင့်နားမှ တစ်စုံတစ်ယောက်က တစ်စုံတစ်ရာ လှမ်းအော်ပြောနေသည်။ ကြည့်လိုက်တော့ အခန်းထောင့် ကြမ်းပြင်ပေါက်မှ လက်အိတ်စွပ်ထားသော လက်တစ်ဖက်က လှုပ်ယမ်းပြရင်း ၀ါယာကြိုးတစ်စ ထွက်လာသည်။ ကြိုးဆွဲဖို့ စောင့်ခိုင်းထားသော ချာတိတ်တွေ မတွေ့။ စက္ကန့် ၃၀ကြာ Break လေး ကုန်ပါပြီ။

Yee…………… Hoh

Yee……………. Hoh

ငြာသံပေးပြီး ၀ါယာကြိုးဆွဲသံတွေ၊ Drill ဖောက်သံတွေ၊ အလူမီနီယံလှေခါး/ငြမ်းများ တွန်းရွှေ့သံတွေ၊ တတီတီမြည်သော Scissors Lift, Fork Lift မောင်းသံတွေ၊ ပစ္စည်းတင် ဓါတ်လှေခါးမောင်းသံတွေ …………..

မျက်နှာဖုံးစွပ် လုပ်သားတို့၏လုပ်ငန်းခွင် – မီးပွါးတွေ တစ်ဖွားဖွားကျနေသည်မှာ New Year ည ကောင်းကင်နှင့် နင်လား ငါလား။ အက်ရှင်ကားတွေမှာ ရောင်စုံမီးလည်တွေနှင့် မြင်ကွင်းသည် ကိုယ့်မျက်စိရှေ့မှာပဲ ရှိနေသည်။ တစ်ယောက်နှင့်တစ်ယောက် အော်ကြ ဟစ်ကြ၊ လက်ဟန်ခြေဟန်ပြကြ၊ အရောင်မျိုးစုံ၊ ပုံစံမျိုးစုံ၊ ဘာသာစကားမျိုးစုံ၊ လူမျိုးစုံ………… ဆဲဆိုသံ၊ ငြင်းခုန်သံ၊ ညည်းတွားသံ၊ အချက်ပေးသံ..

အင်္ကျီအိပ်ကပ်မှ တုန်ခါမှုတစ်ခု၊ ဖုန်းသံဆိုသဟာ ကြားမိ၊ သတိပြုမိဖို့ မလွယ်သည့်အခါ Vibration မှာပဲ ထားလိုက်တော့သည်။ စစ်မည်၊ ဆေးမည်၊ Fail/ Pass သူ့အမှားလား၊ ကိုယ့်အမှားလား၊ သူ့လိုအပ်ချက်လား၊ ကိုယ့်လိုအပ်ချက်လား၊ ဖိုမင်တွေက ကိုယ့်စကား နားမထောင်လို့လား၊ Coordinator တွေက ကိုယ့်စကားနားမထောင်အားတာပဲလား။ သေချာတာ ကိုယ့်နားကတော့ သူတို့ပြောသမျှ နားထောင်နိုင်ဖို့ အားလပ်ချိန် အပြည့်ရှိနေဖို့လိုသည်။

နောက်ဆုံးဟု ဆိုသော ရက်စွဲတွေ၊ အရောင်မျိုးစုံခြယ်ထားသော စာရွက်တွေ၊ ကင်မရာထဲမှ အထောက်အထားဓါတ်ပုံတွေ၊ ဖုန်း Message တွေ။ Email Record တွေ ကွန်ပျူတာထဲမှာ မူးနောက်စရာ ကောင်းပါဘိ။  Drawing Comment တွေ၊ ဖိုင်တွေက ၀ါယာကြိုးခွေတွေပေါ်ပုံလျက်။

Safety Helmet, Shoes, Reflexive Vest, Mask တွေနှင့် ဆောက်လုပ်ရေးလုပ်ငန်းခွင်ထဲမှာ လျှောက်သွားနေရသူတိုင်း Incident တွေနှင့် တွေ့ကြုံဖို့ အခွင့်အလမ်း အနည်းနှင့် အများ ရှိနေကြသည်ပဲ။ မျက်စိတွေ နားတွေ အစဉ်သတိမပြတ်ထားနိုင်မှ အသက်ရှည်ချိမ့်မည်။ လုပ်ငန်းခွင် အန္တရာယ်ကင်းရှင်းမှု စံနှုန်းအရ အတော်ကြီး ဘေးကင်းအောင် ဆောင်ရွက်ထားသည့်တိုင် မိမိကိုယ်တိုင်က မိမိကိုယ်ခန္ဓာနှင့် အသက် ဘေးကင်းလုံခြုံမှုကို တန်ဖိုးထားဖို့ အရေးကြီးပါသည်။ အိပ်ရေးမ၀သော ညတွေများလာလျှင် အန္တရာယ် ကြီးပါဘိတောင်း။ အိုဗာတိုင်လည်း မက်တိုင်း လုပ်မဖြစ်။

ဖြစ်စဉ်ပြ ဖြစ်ချင်လည်း ဖြစ်မည်။ ရောက်တတ်ရာရာတွေ ဖြစ်ချင်လည်း ဖြစ်မည်။ Online မတက်နိုင်သည်မှာ ကြာလှပြီဖြစ်သော ဘလော့လေးကို အလွမ်းပြေ ၀င်ကြည့်ရင်း စိတ်အဆာပြေ၊ ညည်းချင်းတစ်ပုဒ် ရေးသွားပါသည်။ နောက်နှစ်လလောက်တော့ ဒီအတိုင်းပဲ ရှိနေဦးမည် ထင်ပါသည်။

Advertisements

6 thoughts on “Current Status

  1. သတိရနေပါသည်။
    လေပြည်လေညှင်းလေးလာမဲ့ရက်ကိုမျော်ပါလေ။

  2. တင်းထားလိုက် အမရေ… ဘ၀အမောတွေပြီးရင် လေပြေညှင်းလေး တွေလာမယ်တဲ့နော်.. ဘယ်တော့လဲတော့မသိဘူး.. 😀

  3. >> အမဂွိစ်၊ အိုက်ဘူးလားဗျ။ စောင်ကြီးအုပ်ပြီး 😀 အဲကွန်းလေးနဲ့ဆိုရင်တော့ “ဇိမ်ပဲကွာ” ဂလု
    >> ရွှေအောင်ရေ……… လောလောဆယ် ပန်ကာလေနဲ့ အမော အရင် ဖြေနေသကွယ်

  4. အားတင်းထားပါဗျာ။ လေပြေညှင်းကြီးနဲ့ တွေ့ရမှာပါ။ 😀

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s