ပူးပေါင်းဆောင်ရွက်မှုမှ အသီးအပွင့်များ

ဘာရယ်တော့ မဟုတ်ပါဘူး။ ဒီနေ့ Today မှာ မြောက်ကိုရီးယားနိုင်ငံက ထွက်ခွါလာတဲ့ ကမ်နမ်-၁ သင်္ဘောရဲ့ လမ်းကြောင်းက စကာင်္ပူကို ဖြတ်မယ်လို့ ယူဆရပါတယ်ဆိုပြီးတွေ့လိုက်လို့။ ဒုံးကျည် (သို့)ဒုံးကျည်နှင့် သက်ဆိုင်သော ပစ္စည်းများ တင်ဆောင်လာမယ်လို့ ယူဆရတဲ့သဘောက စကာင်္ပူမှာ ဆီဝင်ဖြည့်ကောင်း ဖြည့်မယ်ဆိုပဲ။ ဦးတည်ရာကတော့ မြန်မာပြည် ဖြစ်နိုင်ပါတယ်တဲ့။

စကာင်္ပူဟာ အပြည်ပြည်ဆိုင်ရာရေပိုင်နက်ထဲသွားတဲ့ ပင်လယ်ကူးသင်္ဘောကြီးတွေကို ဆီဖြည့်တဲ့ဝန်ဆောင်မှုမှာ ထိပ်တန်းနေရာမှာ ရှိပါတယ်။ ခု “ကမ်နမ်-၁ သာ စကာင်္ပူကို ၀င်ပြီး ဆီဖြည့်ခဲ့ရင်” ဆိုတဲ့ အကြောင်းအရာနဲ့ စကာင်္ပူကျွန်းကလေး ခေါင်းကိုက်နေပါတယ်။ အကြောင်းအရာ အပြည့်အစုံကိုတော့ Today Online မှာသာ ဖတ်ကြည့်ကြပါ။ မနက်ဖြန် သံလွင်အိမ်မက်မှာလည်း ပါမယ်ထင်ပါတယ်။

အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုနဲ့ စီးပွါးရေး ပိတ်ဆို့တားဆီးမှုဆိုတဲ့ စကားလုံးတွေ ကြားနေကျ ဖြစ်လာတာ အတော်ကို ကြာပေါ့။ ဘယ်ဟာက ဘယ်လို ဖြစ်သွားလဲတော့ မသိပါဘူး။ ခုလို အသီးအပွင့်တွေတော့ အသံဗလံ ကြားနေရတာပါပဲ။

ကိုကြီးဒီဘီကတော့ “ဘာသာပြန်လည်း ဖြစ်တာပဲလား”လို့ မေးပါတယ်။ အခြေအနေကတော့ မြင်တဲ့အတိုင်းပါပဲ။ နောက်ထပ် သတင်း အပြည့်အစုံတွေ ထွက်လာနိုင်စရာ ရှိပါသေးတယ်။ ငွေရောင်ပိတ်ကားပေါ်မှာ စောင့်မျှော်ကြည့်ရှုကြပါရန်။ (အမ်- မှားပြန်ပြီ။ Channels News Asia မှာ လွှင့်မှာပေါ့။ အဲဂလို ပြောချင်တာပါ။ 😀 သည်းခံပါရှင်)

Advertisements

3 thoughts on “ပူးပေါင်းဆောင်ရွက်မှုမှ အသီးအပွင့်များ

  1. ဟိုအရင်ခေါက်တွေကတော့ ရေပိုင်နက်ထဲမှာ မုန်တိုင်းမိလို့ လူသားချင်း စာနာ ထောက်တားတဲ့ အနေနဲ့ ကမ်းကပ်ခွင့်ပေးတာပါ။ ဘာတွေ တစ်လွဲတွေးနေလဲ မသိဘူး။ အခုလဲ မုန်တိုင်း မိလောက်တဲ့ အခြေ ရှိတယ်ဗျ။ ရာသီဥတုက ဆိုးတာကိုး…။

  2. ကဘွိုံက်က ဒီတော့ မှန်မှန်ရောက်တယ်ဟ။ ငါ့ဆီကျမလာဘူး။ ကလောက်။

  3. ကဘွိုက်>> ဟုတ်ပါ့။ လူတွေကလည်း လိုရာဆွဲတွေးကြတော့တာပဲ။ (အမ်- ရေးလိုက်မိတာတော့ ကျွန်တော်ကိုယ်တိုင်လိုပဲနော်) 😛
    Bro. DB>> ကဘွိုက်က ကိုကြီးဒီဘီ ဖျားနေလို့ တိတ်တိတ်ပြန်သွားတာလားမှ မသိ။ H1N1 ကူးမှာစိုးလို့။ ဟိ 😛

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s