လူမှန် နေရာမှန် ?

Once you see this Ads, you’ll see the exact message of agency. (picture credited to RogerS)

အလုပ်အကိုင်ရှာဖွေရေး အေဂျင်စီတစ်ခုက ကြော်ငြာလိုက်တာ hit the bull’s eye လို့ ပြောရလောက်အောင် ထိပါတယ်။ တကယ်သာ အဲဒီ အလယ်လူလို ဘ၀မျိုးဖြစ်နေခဲ့ရင်တော့ အတော် ဆိုးတဲ့ ဘ၀ပါပဲ။ တခြား အခြေအနေမှာသာဆိုရင် အဲဒီ အလယ်လူအတွက် အံဝင်ခွင်ကျ ဖြစ်နိုင်မယ့် အလားအလာ ရှိပါသေးတယ်။ သူကလွဲပြီး ဘယ်သူမှ လုပ်လို့ မရနိုင်တာတွေတောင် ရှိနိုင်ပါသေးတယ်။

ပြောရမယ်ဆိုရင် အလုပ်လုပ်ကြရာမှာ Doing Things Right နဲ့ Doing Right Things ဆိုပြီး ရှိပါသတဲ့။ ကိုယ်ရောက်နေတဲ့ နေရာမှာ လုပ်စရာရှိတာကို အတတ်နိုင်ဆုံး မှန်ကန်အောင် Doing Things Right နဲ့ နေနေတာ အတော်ကြာသွားပြီဆိုတော့ လူက နည်းနည်း ပျင်းလာတယ်။ ဆိုကြပါစို့။ ဒီအလုပ်ကို တခြားလူ ရောက်လာမယ်ဆိုရင်လည်း ဒီလောက်တော့ မှန်ကန်အောင် လုပ်နိုင်မယ် မဟုတ်လား။ ဒါမှမဟုတ်၊ ကိုယ် ဒီမျှမက လုပ်နိုင်နေပါလျက်နဲ့ အခြေအနေက ဒီလောက်ပဲ ခွင့်ပြုတယ်ဆိုတဲ့အခါ ကိုယ်လုပ်နေတာတွေကတော့ Doing Things Right ပါပဲ။ ကိုယ့်အတွက် သင့်တော်တဲ့ နေရာမှန်မှ ဟုတ်ရဲ့လားလို့ တွေးမိလာနိုင်ပါတယ်။

ကိုယ့်ကိုယ်ကို ဗဟိုပြုပြီး စဉ်းစားတဲ့အခါ ကမ္ဘာကြီးကလည်း ကျဉ်းကျဉ်းလေး ဖြစ်သွားပါတယ်။ (ကိုယ် ဘယ်လောက် အသိုင်းအ၀ိုင်း ကျယ်ကျယ်ကို တွေးသလဲ။ တွေးသလောက် ကျယ်ပြန့်တဲ့ ကမ္ဘာ ဖြစ်လာမှာပဲကိုး) အဲဒီ ကိုယ့်အသိုင်းအ၀ိုင်းလေးထဲမှာ ကိုယ်ဟာ မရှိမဖြစ်၊ အရေးအပါဆုံး ပုဂ္ဂိုလ်ဖြစ်နေမှာမို့ Doing Right Things ဖြစ်နိုင်ပါ့မလား။ ဒါလည်း စဉ်းစားစရာပါပဲ။ ပြင်ပကမ္ဘာနဲ့ ကိုယ်ပိုင်ကမ္ဘာ နှိုင်းယှဉ်ကြည့်လို့ရမယ့် Right Things တွေဟာ ကွဲလွဲမှုလည်း ရှိနေနိုင်ပါတယ်။

နောက်ပြီး ခုထိ ကျွန်မရေးပြီးသမျှမှာ ပြန်ရချက်နဲ့ တွက်ကြည့်တာ မပါသေးပါဘူး။ ကိုယ်လုပ်နိုင်တဲ့ အတိုင်းအတာ၊ စွမ်းရည်နဲ့ လုပ်ငန်းသဘောသဘာဝပဲ နှိုင်းယှဉ်ကြည့်နေတာပါ။ ကိုယ်စိုက်ထုတ်ထားတဲ့ အင်အား၊ အချိန်၊ ရင်းနှီးမြှုပ်နှံမှုတွေအတွက် ပြန်ရချက်ကိုပါ ထည့်စဉ်းစားမယ်ဆိုရင် Doing Right Things မှာ Criteria တွေ တိုးလာပါမယ်။ Doing Things Right ကတော့ ပြောင်းလဲမှာ မဟုတ်ပါဘူး။ ဒါကြောင့် Doing Things Right က ပုဂ္ဂိုလ်ရေး နဲ့ ပိုဆက်နွယ်ပြီး Doing Right Things ကတော့ ကျင့်ဝတ်ပိုင်း၊ သဘောထားခံယူမှုအပိုင်းတွေနဲ့ ပိုနီးစပ်မယ်လို့ ယူဆရပါတယ်။

ဒါကတော့ Peter Drucker ရဲ့ အဆိုအမိန့်တစ်ခုပါ။   Management is doing things right; leadership is doing the right things. သူကတော့ စီမံခန့်ခွဲမှုနဲ့ ခေါင်းဆောင်မှုကိုပဲ ပြောသွားတာပါ။ ကျွန်မတို့ နေ့စဉ် လှုပ်ရှားမှုတွေမှာပါ `ဘာလုပ်လုပ် မှန်မှန်ကန်ကန်လုပ်´ ဆိုတာနဲ့ `မှန်တာပဲလုပ်´ဆိုတာ အမြဲတမ်းညှိနေရမယ့် ဒွိဟတစ်မျိုး ဖြစ်နေမှာပါပဲ။

(အဲဒါ Life-and-live မှာ ရေးဖြစ်ထားတဲ့ စာလေးပါ။ Draft ဘ၀မှာ ကာလအတော်ကြာ နေရရှာတဲ့ ပို့စ်လေးလည်း ဖြစ်ပါတယ်။ တခြား ဆေးပညာအသိုင်းအ၀ိုင်းIT Field နဲ့ စီးပွါးရေးဆိုင်ရာ စာတမ်းတွေမှာလည်း လိုက်ရှာ ဖတ်ကြည့်နေခဲ့တာကြောင့်ပါ။ ပို့စ် အပြီးသတ်တော့ ရက်စွဲက စရေးခဲ့တာရဲ့ တစ်လကျော်သွားပါပြီ။ ကျွန်မ ယုံကြည်မိပါသေးတယ်။ လွတ်လပ်မှုဆိုတာကို ကျင့်သုံးတဲ့အခါမှာလည်း တာဝန်ရှိမှု၊ တာဝန်သိမှုဆိုတာတွေ ထည့်သွင်းစဉ်းစားပြီး Right Things တွေကို ရွေးချယ်ဖြစ်ကြမယ်လို့ ။)

Advertisements

10 thoughts on “လူမှန် နေရာမှန် ?

  1. ကိုကြီးဒီဘီ။ မိကောက်ရဲ့ လမ်းစဉ်ကို လိုက်နာတယ်ထင်ပါ့။ 😛 ရုံးချိန်မှာ ဘလော့လည်သည်ပေါ့။ ဒါဆို ကိုကြီးဒီဘီ နေရာကောင်းမှာ ရှိတာ သေချာသည်။ (ကျွန်တော်ကတော့ အတိအကျကို လိုက်နာပါသည် 😀 အကျင့်ကောင်းလေးတွေ)

  2. ဘယ့်နှယ်။ ကိုရွှေအောင် – ဒီလာပြီး မှတ်သားသလေး ဘာလေးနဲ့ တရုတ်ပြည်သွား တောလားကြီးကို တန်းလန်း မထားနဲ့နော် ။ ဒါပဲ။

  3. လာရောက်ဖတ်ရှူမှတ်သားသွားပါကြောင်း………..

    တန်ဖိုးရှိသော အသိလေးပါ………

  4. ၀ိုင်ချိုရေ..
    မှတ်သားစရာလေးတွေပါလား…

    ကိုကြီးဒီဘီလို မိကောက်ရဲ့ လမ်းစဉ်တော့ မကျင့်သုံးရသေးဘူး..

  5. အဟား။ ကိုသဟသရဲ့ ချန်းချန်ကို စောင့်ရှောက်မယ့်လူတွေ တစ်ပြုံကြီးမှာ တို့တော့ အမှတ်တစ်မှတ်ရပဟေ့။ 😀
    ကိုကြီးဒီဘီလိုက်နာမှာ သေချာသလောက်ရှိတဲ့ မိကောက်ရဲ့ လမ်းစဉ်ကို ဘလော့တစ်ခုမှာ တွေ့မိသလိုပဲ။ သေသေချာချာ မမှတ်မိတော့တာ။ နောက်မှ ပြန်ရှာတွေ့ရင် မျှလိုက်ပါ့မယ်နော်။

  6. နာတိပါတယ် မောင်ရင်`မင်းအိမ်ဖြူ´ရယ်။ ရုပ်တည်နဲ့ လာနှုတ်ဆက်သွားတာကို။ Anyway, ရောက်လာပါက ကြိုဆိုပါ၏။ 🙂

  7. ကုမ်ရာသီသူ

    ဟိုတစ်ခေါက်က နာမည်နဲ့ပတ်သပ်ပြီးရေးထားတာ ဖတ်ဘုးလိုက်တယ်ထင်တယ်
    ဒါပေမယ့် အခုလာရှာတော့ မတွေဘူး
    ရှိလားမရှိလား ပြောပြပေးပါအုံး….
    မရှိသေးရင် ရှင်းဖို.ပြင်ထားပေးပါ..
    ရှိပြီးရင် ထပ်ဖြည့်ဖို. အားမွေးထားပါ လို.
    လာအကြောင်းကြားထားတယ်နော်…..
    ပုန်းနေဖို.ငြင်းဆန်ဖို.မကြိုးစားပါနဲ့ ………

  8. အဲဒီ မိတ်ဆက် post ကို Sticky တင်ထားတာကနေ ဖြုတ်လိုက်တာ တစ်ပတ်ကျော်ကျော်လောက်ပဲ ရှိဦးမှာပါ မောင်ရင်ရယ်။ နည်းနည်း ကြာသွားပြီဆိုတော့ စာရှုသူ ပရိသတ်များ (ဒီလိုပဲ ပွါးရတာပေါ့) မျက်စိနောက်လောက်ပြီ ထင်လို့ပါ။ အခု comment မှာ link ပြန်ထည့်ထားပေးပါပြီ။ အခုတော့ ရေးလက်စစာပိုဒ်လေးတောင် ´အဆုံးသတ်မသွားဘူး´ဖြစ်နေလို့ ကြိုကြိုတင်တင် တောင်းပန်ပါကြောင်း၊ စကောရွက်ပါကြောင်း 🙂

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s