Web and “Fats”

အခုတလော ကိုယ့်ကိုယ်ကို သတိထားမိလာသည်။ အထိုင်အထ လေးလာပြီး အ၀တ်အစားတွေ အတော် ကျပ်လာသည်လေ။ နေ့လည်စာ သွားစားတဲ့အခါ မိတ်ဆွေတွေက ကိုယ် ၀ လာတဲ့အကြောင်း ပြောလာသောအခါ ရီစရာအဖြစ် ကဗျာမပီ၊ စာမပီလေး တစ်ပုဒ် ပြောဖြစ်သွား၏။
Surfing the Net
Having a snack

(And in this way)

Thicker the fats
(around my belly)
Kicker of Web!
(ever merrily)

အမှန်က နေ့စဉ် စားသုံးနေထိုင်မှုက အဆီစုသည့် အနေအထားဖြစ်လာပြီး၊ အသက် အပိုင်းအခြားက အဆီခြေဖျက်မှု နည်းတဲ့အပိုင်းရောက်လာသည့်အတွက်ကြောင့် ဒီလို အဖြစ်မြန်လာခြင်းပါ။ ပုံမှန် ကိုယ်လက် လှုပ်ရှားမှုကလည်း နည်း၊ စားသောက်တဲ့ အချိန်နဲ့ အကျင့်ကလည်း အချိုးမပြေ၊ စိတ်ဖိစီးမှုကို အကြောင်းပြုပြီး ကိုယ့်ကိုယ်ကို အလိုလိုက်တာကလည်း များ၊ ကိုယ်အလေးချိန်တက်လာတာ ဆန်းတယ်ပြောလို့ ရမလား။

အလုပ်ပြီးလို့ ထွက်လာပြီဆို နာရီကြည့်ရန်မလို၊ သေချာတယ် ၆နာရီတော့ ကျော်ပြီ။ ဒီလိုပြောရင် ဒီထက် နောက်ကျအောင် အလုပ်လုပ်နေရတဲ့ (အိုဗာတိုင် မဆင်းချင်ဘဲ ဆင်းနေကြရသူများကို ရည်ညွှန်းသည်၊ လိုလိုချင်ချင် OT ယူနေကြသူများ မပါ) work-0-holic သမားတွေက မြင်ပြင်းကတ်ကြပါမည်။ အိမ်ကို ပင်ပင်ပန်းပန်း ကိုယ့်ကိုယ်ကို ဒရွတ်ဆွဲပြီး ပြန်ရောက်သောအခါ ညစာ ပြင်ဟဲ့၊ ဆင်ဟဲ့နှင့် အစောဆုံး စားဖြစ်သော ညစာက ည ၉နာရီ။

တစ်နေ့လုံး ကြည့်လာသော ကွန်ပျူတာ မျက်နှာပြင်ကို စိတ်မနာနိုင်ဘဲ ဘလော့ဂင်း၊ ရုံးမှာ မလုပ်နိုင်လာသော အင်တာနက် စာမျက်နှာပေါင်းစုံ မွှေနှောက်ရှာဖွေခြင်း(net surfing ဆိုရင် လွယ်လွယ်နဲ့ ပြီးတာကို)၊ ရန်ကုန်မှာဆို သင်္ဃန်းကျွန်းနှင့် အင်းစိန်လောက်သာ ဝေးမည်ဖြစ်သော တစ်ကျွန်းထဲနေ သူငယ်ချင်းကို လေလှိုင်းပေါ်မှ ပွါးခြင်း (ရှင်းရှင်းပြောတော့ chat တယ်ပေါ့) စသည်စသည်တွေအတွက် အချိန်ပေးရပါသေးရော။ အချိန်နှင့် တပြေးညီ – ပါးစပ်က ၀ါး၊ လက်က ကီးဘုတ်ပေါ်မှာ ပြေး၊ မျက်လုံးက Screen ပေါ်မှာ ငေး၊ နားက ဘေးကသူငယ်ချင်းပြောတာ နားထောင်၊ အောင်မလေး…. မောတောင်မောတယ်။ 😛

ဒီလောက် ပစ္စလက္ခတ် ကျင့်သုံးနေသော နေ့စဉ်စီးမျောမှုအတွင်း ဖြစ်တည်လာသော အဆီများအတွက် ပြဿနာ ရှာလိုသောအခါ ဒီလိုပဲ ကြုံရာ တရားခံ လုပ်ဖို့ စိတ်ကူးရသည့်အတိုင်း ……….

Advertisements

6 thoughts on “Web and “Fats”

  1. အင်း … ဆိုတော့ ဘာလုပ်မှာလဲ .. ဘလော့ဖြတ်မှာလား ဆက်လုပ်မှာလား။ ဝိတ်လျှော့မှာလား ဆက်တီးမှာလား။ ပြောပြောရှင်းပါ။ 😛

  2. အဟီး။ အားလုံးကို ပိုနေမြဲ၊ ကျားနေမြဲဖြစ်အောင် ဆက်တီးမြဲ၊ ဆက်လုပ်မြဲ (တစ်ခုပဲ၊ Snacking တော့ လျှော့မှဖြစ်တော့မယ် ထင်တာပဲဗျ၊) Bro. DB ကြီးတို့ရော? 😉

  3. Cbox မရှိလို့ ဒီမှာ အော်သွားပါတယ်။
    လာလည်ပါတယ်။ ၀ိုင်သောက်ပြီး ပြန်သွားပါပြီ။
    good luck

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s