မိတ်ဆက်

ဘလော့နာမည်ကို မရှင်းဖြစ်သေးလို့ ဒါလေး ခုမှ ကောက်ရေးတာပါ။ ဘယ်သူမေးမလဲလို့စောင့်နေတာ၊ မမေးကြတော့ ကိုယ့်ဘာသာကိုယ် ရေးလိုက်တာပေါ့နော်။

ဘ၀ကို ၀ိုင်လို နှစ်ချို့ခံခဲ့ရတော့ အတွေးတွေက အရှိန်ပြင်းလာခဲ့တယ်။ ပျော်စရာ၊ ၀မ်းနည်းစရာ၊ ဒေါသထွက်စရာ၊ အားတက်စရာ ကြုံလာချိန်တိုင်းဟာ အမျိုးအစားမတူတဲ့ ၀ိုင်တစ်ခွက်စီလိုပါပဲ။ ဘ၀ဟာ- ၀ိုင်၊ ၀ိုင်ကို ဘ၀လို သောက်ပြီး  ဘ၀ကို ၀ိုင်လို သိမ်း၊ ပြင်းပြင်းရှရှအရသာရှိတဲ့ ၀ိုင်တစ်ခွက်လို အတွေးတွေကို မော့သောက်တိုင်း သွေးတွေ နွေးလာခဲ့လို့ – ကျွန်မ ဖန်တီးတဲ့ အတွေးရင်ပြင်ကို ‘ပြင်းရှတဲ့ ၀ိုင်တစ်ခွက်’ လို့ နာမည်ပေးပါတယ်။

ကလောင်နာမည်အနေနဲ့ကတော့ ကိုယ်ကျရောက်ရာ ရာသီခွင်ကို အမှတ်တရပါ။ ဆရာစံဇာဏီ-ဘို ကတော့ ကုမ်ရာသီတွေကို စိုးမိုးတဲ့ ဂြိုဟ်သခင်တွေမှာ ဘယ်သူအရင်အုပ်စိုးလို့ ဘယ်သူပိုင်သင့်တယ်ဆိုပြီး ရေးထားတာတွေ့လိုက်ပါတယ်။ အရင်ဦးဆုံးအုပ်စိုးသူဟာ မူပိုင်ခွင့်ရှိတယ်ဆိုရင် အဲဒီခေတ်ကြီးမှာတုန်းက ဘယ်မှာ မှတ်ပုံတင် ခဲ့ကြမှာလဲမသိ။ ဒယ်လ်ဖိုင်နတ်ကွန်း လို့များ ပြောကြမလားပဲ။ တောင်ပြုံးက နတ်ကတော်တွေက မြန်မာပြည်က နတ်တွေအကုန်လုံးကို မှတ်ပုံတင်ပြီး စောင့်ရှောက်တာမဟုတ်လား။ ပြောချင်တာတောင် ချော်ကုန်တော့မှာပဲ။ စောင့်ရှောက်သူနဲ့ စောင့်ရှောက်ခံကို တွဲပြီး နာမည် သစ်တစ်ခု လုပ်ကြည့်တာလေ။ မှတ်ပုံတင်တစ်မျိုးပေါ့။ ဒီနေရာမှာ ဒါမျိုးတွေ ရောက်တတ်ရာရာ တွေးကြည့်မယ်။ ရေးကြည့်မယ်။ ဖြေလျှော့စရာ အတွေးတွေ၊ အလွမ်းတွေ၊ အချစ်တွေ၊ အမောတွေ၊ ဒါလေးတွေတွေ့ရမယ်။ စောင့်ရှောက်ခဲ့တဲ့ ခံစားချက်တွေ………….. ရှင်သန်ခွင့်ပေးဖို့ ဒီနေရာလေးပါ။

လာလည်ရင်း ရင်ခုန်သံမျှချင်ရင် (သို့မဟုတ်) ခံစားမှုတစ်စုံတစ်ရာဖြစ်ခဲ့ရရင် comment လေးတွေ ချန်ခဲ့ရင်လည်း ၀မ်းပန်းတသာပါပဲနော်။

Advertisements

25 thoughts on “မိတ်ဆက်

  1. You’re welcomed from UranusAquarian!
    Poem is the most valuable and graceful artwork of all arts. So, as far as I could, I’ll try to spread out verses. I’m not sure of modern-versed poem types, but lyric-typed may be acceptable, I hope. Thank you for your eagerness in Poems.

  2. စောင့်ရှောက်ခဲ့တဲ့ ခံစားချက်ဆိုတဲ့ အသုံးအနှုန်းကို တော်တော် သဘောကျမိတယ်…။

  3. ဆရာတော့မဟုတ်ပါခင်ဗျာ
    နောက်လည်း လာလည်နိုင်ပါတယ်
    ကျွန်တော်လည်း လာလည်ပါမယ်
    ဆက်၍ ရေးသားနိုင်ပါစေကြောင်း…

  4. အခုလို လာလည်ပြီး အသိအမှတ်ပြုသွားတာ ကျေးဇူးတင်ပါတယ်ရှင်။ နောက်လည်း တစ်ခါက တချို့တလေကို တစ်ခါတစ်ခါ လာလည်ပါဦးမယ်။ ဆက်လက် ရေးသားဖို့ ကြိုးစားသွားပါ့မယ်ရှင်။

  5. ကျနော် လည်း ၀ိုင်ကြိုက်တယ်ဗျ ၊၊ အနီရောင်ဝိုင် ကို ပိုနှစ်သက်တယ် ၊၊

  6. Mr. Republic ရေ။ တစ်ခါတစ်လေတော့လည်း ဘ၀ရော၊ ၀ိုင်ရော အချိုပြင်းပြင်း အခါးတွေ ဖြစ်နေတတ်ပါရဲ့။

  7. ဟိုမှာလာမေးထားတာ ဒီမှာလာဖြေသွားတယ် …

    31 Jan 09, 00:18
    MrDBA: uranus.saturn>> chrome ရဲ့ ညာဘက် အပေါ်ထောင့်နားမှာ ဂွပုံလေးကိုနှိပ်လိုက်
    31 Jan 09, 00:19
    MrDBA: uranus.saturn>> ပြီးရင် Drop down menu က Option->Minor Tweaks -> change font and language setting ကိုနှိပ်
    31 Jan 09, 00:20
    MrDBA: uranus.saturn>> ဖောင့်သုံးခုလုံး ဇော်ဂျီပြောင်း … ရသွားလိမ့်မယ်

  8. ကိုကြီး DB ကလည်း သူ့ဆီဗုံးမှာ အော်ခဲ့တာကို ဒီမှာ ဖြေတယ်လို့။ အဟီး။ ကျေးဇူး အထူးပါခင်ဗျာ။ ဒါနဲ့ အဲဒီလို နာရီတွေ၊ ရက်စွဲတွေပါ ပေါ်အောင် ဘယ်ကနေ လာဖြေသွားတာလဲဟင်၊ အဲဒါကိုပါ ဆီဗုံးမှာ လာအော်လိုက်မယ်လေ၊ ဒါပဲ။

  9. အမက အရက်သမားလား ချဲသမားလား ဗေဒင်ဆရာမလား။ ဗေဒင်ဆရာမ ဆိုရင် ကျနော်ဘယ်နေ့ ထရီလျံနာ ဖြစ်မလဲ ဟောပေးတော့။ တကယ်ဖြစ်သွားရင် အမကို 1 Billion ဆုချမယ် ဟီးဟီး

  10. Istein ပြောသွားတာတွေကို ကြုံရင် ကြုံသလို အားပေးတယ်။ 😀 လေထိုးလေလျော် ဟောပေးလိုက်မယ် အမ ထရီလျံနာဖြစ်ပြီး နောက်နေ့ Istein အလှည့်ပဲ။

  11. အန်တီကွန်ညွှန်းလို့ လာလည်သွားပါတယ်။ ဒါနဲ့ wordpress.com ကမြန်မာစာ support လုပ်ပြီလား။ ကျနော်ဟိုးတုန်းကသိထားတာက wordpress.com ကပေးတဲ့ service မှာမြန်မာစာ support မပါဘူးဆိုလို့ပါ။

  12. ဟုတ်ကဲ့၊ Support လုပ်တယ်လို့ ထင်တာပဲခင်ဗျ။ ဒီစာမျက်နှာမှာ Font Embed မလုပ်တတ်တာရယ်၊ Default CSS ကို ဘာမှ ကလိခွင့်မရှိတာရယ်ဆိုတော့ သူတို့က service မပေးရင် ဒီမှာ မြန်မာလို ရိုက်လို့ ရမယ်မထင်ဘူး။ အခုထိတော့ ဇော်ဂျီနဲ့ အဆင်ပြေနေပါသေးတယ်။ နောက် unicode တွေ၊ ဘာတွေ ရှိလာရင်တော့ မပြောတတ်ဘူးပေါ့။ လာလည်တာ ၀မ်းသာပါကြောင်း။

  13. ဘလော့မှာ ထူးခြားသလိုရှိတဲ့မှတ်ချက်လာရေးသွားတဲ့ အစ်မဆီ ပထမဆုံးအဖြစ်လာလည်မိပါတယ်။ နာမည်ကိုမြင်ဖူးတာကြာပါပြီ။ ရှင်သန်ခြင်းဘလော့လင့်မှာတည်းက တွေ့မိတာပါ။ အခုတော့ ပထမဆုံးရောက်ပြီပေါ့။ အစ်မနာမည်က ကုမ်ရာသီကို အပြည့်အ၀နီးပါး ဖော်ဆောင်ထားတာ တွေ့ရပါတယ်။ နောက်မှပေါက်တဲ့ရွှေကြာ ယူရေးနပ်စ်က စနေပိုင်ရာသီကို လုယူသိမ်းပိုက်ပြီး ဒီလိုအမည်ဖြစ်လာတယ်လို့ လေ့လာဖူးပါရဲ့။ ဒါပေမယ့် ခက်တာက သာယနဆိုတဲ့ နေမင်းတည်ရာကို အသားပေးတဲ့ အနောက်တိုင်းစနစ်နဲ့ သတ်မှတ်ခေါ်ဝေါ်တဲ့အတွက် ကုမ်ရာသီမစစ်မှန်ပါဘူး။ မြန်မာအပါအ၀င်အရှေ့တိုင်းနိုင်ငံတွေမှာ သုံးတာက နိရာယနစနစ်ဖြစ်ပြီး နက္ခတ်ကို အသားပေးပါတယ်။ သာယနနဲ့ နိရယနကြားမှာ ရက်နည်းနည်းကွာနေတာကလည်း ပြသာနာတစ်ရပ်ပါပဲ။ အင်း..တကယ်တမ်းပြောရရင် အဲလို ကုမ်ရာသီကြယ်စုထဲ နေမင်းဖြတ်သန်းချိန်မှာ တစ်လအတောအတွင်းမှာ လူထောင်သောင်းနဲ့ချီမွေးဖွားခဲ့ခြင်းသာ ဖြစ်တဲ့အတွက် ရာသီဖွားဟောကိန်းတွေဟာ ပညာရှင်စစ်စစ်တွေအတွက်တော့ ဟာသဖြစ်နေပါတယ်။ ဘာပဲဖြစ်ဖြစ်… အစ်မရဲ့ အရေးအသား၊ အတွေးအမြင်ကို လေ့လာဖတ်ရှုရင်း မိတ်ဆွေရင်းတစ်ယောက်လို အစပြုလိုက်ပါတယ်။

  14. ဟုတ်ကဲ့။ လူတွေနေတဲ့ကမ္ဘာမှာ လူတွေကပဲ လေ့လာမှတ်သား သတ်မှတ်ကြတဲ့ ရာသီခွင်တွေလို့ ကျွန်မ မှတ်သားမိပါတယ်။ ရောက်တတ်ရာရာ၊ စပ်စပ်စုစု၊ လတ်လျားလတ်လျား လျှောက်သွားနေတဲ့ ဘ၀လမ်းတစ်လျှောက် တွေ့ခဲ့မြင်ခဲ့၊ ကြားဖူး၊ မှတ်ဖူးတွေကို ဒီလိုပဲ ရေးတတ်၊ တွေးတတ်သလို ရေးဖြစ်တာပါ။ လာရောက်ဖတ်ရှုသွားတာ ၀မ်းသာပါတယ်။ ကြိုဆိုပါတယ်နော်။

  15. လာလည်ပါတယ်ဗျာ..အခုတော့ အချိန်မရလို့  ဒီ post တခုပဲကို ဖတ်ရသေးတယ်။ နောက်မှ လာဖတ်တော့မယ်။ stressful ဖြစ်တဲ့ ၀ိုင်တခွက် သောက်နေရင်း တန်းလန်းမို့ .. 🙂

  16. လာလည်တာ ကျေးဇူးပါနော်။ Stress တွေ ဖြည့်ထားမိလို့ပဲ အဲဒီလို အပြင်းစားနာမည် ဖြစ်သွားသလားတော့ မပြောတတ်တော့ပါဘူး၊ အဲဒီနာမည်ကို Strong Ale အနေနဲ့ပဲ ရွေးချယ်ဖြစ်ခဲ့တာပါ။ အရက်ပြန်ကို ရေရောပြီး ရလာမယ့် အရသာလိုမျိုး ဖြစ်မသွားဖို့ပဲ မျှော်လင့်ပါတယ်။ 😀

  17. အဲ။ ၀ိုင်တို့၊ ဘီယာတို့မှာ Alcohol သာ ပါတာပါ။ Acid အဖွဲ့ကို ဆွဲမထည့်နဲ့လေ။ Alcohol က ရေရှည် ဒုက္ခပေးတာ။ Acid က မြန်မြန် ကိစ္စအေးတယ်။ နောက်ပြီး ကိုဘုန်းမြင့်သူရဲ့ ရှာပုံတော်အရေးက ရှိတယ်ဟုတ်။ အသက်ကို ဥာဏ်စောင့်သတဲ့။ 😀

  18. လာလည်တယ်နော်။ အားရင်လဲ သားသားဆီလာလာလည်။ နွေးထွေးစွာကြိုနေမယ်နော်။

  19. ကြိုဆိုပါ၏၊ ခရောင်းလမ်းမှာ လျှောက်ရတာ မောရင်လည်း ၀ိုင်လာသောက်ပေါ့ကွယ်။
    ‘ဘုရားကျောင်းရှေ့လမ်းမကြီးပေါ် ငါကိုယ်တိုင်……………
    မူးမူးနဲ့ဆေးလိပ်လေးဖွာ …..’ ဗဒင်သီချင်းပါ သတိရသွားတယ်

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s