ရေ-
အားကြီးတယ်။ ဒါပေမယ့် ပျော့ပြောင်းတယ်
လေ-
ပြင်းထန်တယ်။ အင်အားရင်းမြစ်ကျ မခိုင်မာပြန်ဘူး
လေ လို လှည့်ပတ်သွားလာဖို့
လောကကြီးက အားလုံးကို ခွင့်ပြုမထားဘူး
ရေ လို အားလုံးနဲ့ပျံ့နှံ့ပျော်ဝင်စေဖို့လည်း
အားလုံးမဖြစ်နိုင်ပါဘူး
လောကကြီးရဲ့ ဥပဒေတွေကို
လေက
ပြိုကွဲရင် ပြိုကွဲ
ဖြိုလှဲတဲ့အခါ ဖြိုလှဲတယ်
ရေက
အသွင်ပြောင်းရင်ပြောင်း
စောင်း(ဇောင်း)ထက်ထက်နဲ့ တိုက်စားတဲ့အခါ တိုက်စားတယ်
လေက ရေကို လေးစားသလို
ရေက လေကို နားလည်မှာလား
သူတို့ ဆုံဆည်းခိုက်မှာ
“လှိုင်း” တွေဖြစ်လာလေရဲ့
ဆုံဆည်းချိန်တိုပါစေလေ
“မုန်တိုင်း” တစ်ခု မမွေးဖွါးစေ့ချင်ဘူး။ ။