မနက်ဖြန် April Fools’ Day လို့ သိကြတဲ့ ဧပြီလ တစ်ရက်နေ့ပါ။ ၀ီကီခေါက်လိုက်တော့ ကမ္ဘာတလွှားမှာ တရားဝင်ကြေငြာချက်မထုတ်လိုက်ရဘဲ နိုင်ငံအများ ဆင်နွှဲကြတဲ့ အပျော်နေ့တစ်နေ့ဖြစ်ပါသတဲ့။ အဲဒီနေ့မှာ မိတ်ဆွေ၊ သူငယ်ချင်းတွေ၊ မိသားစုဝင် အချင်းချင်းတွေ၊ လုပ်ဖော်ကိုင်ဖက်များ၊ ရန်သူများကိုပါ မကျန် သတင်းမှားတွေ၊ ဟာသတွေနဲ့ နောက်ပြောင်ကြပါတယ်။ ကိုယ်အကျွမ်းတ၀င် မရှိသေးတဲ့ အကြောင်းအရာတစ်ခုခုကို သေသေချာချာ ခရေစေ့တွင်းကျ လမ်းစပေးပြီး ကိုယ်က အဟုတ်မှတ်လို့ လိုက်လုပ်တဲ့အခါ လုံးဝ မဖြစ်နိုင်တာတွေ့ရတတ်တာမျိုးပေါ့။
ဧပြီ၁ရက် ဒိန်းမတ် မြင်ကွင်းတစ်ခု
တစ်ချို့ကတော့ ယုတ္တိရှိရှိ ဖန်တီးမှုတွေနဲ့ ဟာသတွေလုပ်ကြပါတယ်။ ဒီပုံကိုကြည့်လိုက်ပါ။ ကြည့်လိုက်တာနဲ့ကို တော်တော်ဆိုးဆိုးရွားရွား အဖြစ်အပျက်လို့ တန်းထင်မိသွားပါမယ်။ ဒါပေမယ့် ရက်စွဲကို ပြန်သတိရလိုက်ပါ။ ဧပြီ ၁ရက်နေ့ ဖြစ်ပါတယ်။

Photograph of a woman harvesting spaghetti in the BBC programme.
ဖန်တီးသူများကလည်း အမျိုးစုံ တတ်နိုင်ကြပါပေတယ်။ 1957 ခုနှစ်က UK တစ်ဝှမ်း ရုပ်/သံရောက်တဲ့ ဘီဘီစီ အသံလွှင့်ဌာနကြီးရဲ့ ဧပြီ၁ရက်အစီအစဉ်တစ်ခုမှာ စပါဂက်တီခေါက်ဆွဲတစ်မျိုးကို အပင်အဖြစ် စိုက်ပျိုး၊ ခူးဆွတ်တဲ့အကြောင်း ရိုက်ကူး ထုတ်လွှင့်ခဲ့ပါတယ်။ ပရိသတ် အများအပြားဟာ စပါဂက်တီခေါက်ဆွဲကို အီတလီကနေ စည်သွပ်ပြီး တင်သွင်းတာပဲ သိသေးတဲ့အတွက် စိတ်ဝင်စားစွာနဲ့ ဘီဘီစီကို ဆက်သွယ် မေးမြန်းကြပါတယ်။ သူတို့ကိုယ်တိုင် စိုက်ပျိုးလို့ ရနိုင်မလားလို့ နည်းလမ်းတွေ တောင်းကြပါတယ်။ အဲဒီအစီအစဉ်ကို ရိုက်ကူးထုတ်လွှင့်ကြသူများက စည်သွပ်ဗူးလွတ်တစ်ခုထဲမှာ ခရမ်းချဉ်သီးဆော့စ် နည်းနည်းထည့်၊ စပါဂက်တီခေါက်ဆွဲတချို့ထည့်ပြီးတော့ စောင့်ကြည့်လိုက်ပါ- – လို့ ပြန်ဖြေကြပါလေရော။
ကမ္ဘာသိ ပီဆာမျှော်စင် စောင်းစောင်းကြီး
ကမ္ဘာ့အံဖွယ်စာရင်းအဟောင်းဝင် ပီဆာမျှော်စင်
ကို ဒတ်ခ်ျသတင်းဌာနက ‘ပြိုကျသွားပြီ’ဆိုပြီး သတင်းထုတ်လွှင့်လိုက်တာ 1950 ပြည့်လွန်နှစ်များမှာပါပဲ။ လူတွေမှာ အထိတ်တလန့်နဲ့ သတင်းဌာနကို ဆက်သွယ်မေးမြန်းကြရပါတယ်။ အဲဒီနေ့အတွက် ဆက်သွယ်ရေးအော်ပရေတာတွေခမျာ အနားရနိုင်ကြမယ် မထင်ဘူးနော်။
မစန္ဒာရဲ့ ဂျီဟောသူ ၀တ္ထုမှာ ထွေးတို့၊ ဝေေ၀တို့ အစအနောက် သန်လွန်းလို့ သူငယ်ချင်းတွေက ၀ိုင်းပြီး ‘ကြပ်’ ကြပါတယ်။ တစ်ဆောင်လုံးက ရေအိုးတွေမှာ ဆားခတ်ပြီး အပင်ပန်းခံပြီးကို နောက်ကြတာပါ။ အဲဒီသူငယ်ချင်းတွေခမျာ ထွေးတို့၊ ဝေေ၀တို့ အကွက်ထဲကို ၀င်သွားကြရပြန်တော့ လက်ပံပွင့်တွေကောက်၊ အပြေးအလွှား အမောတွေပါ ဖောက်သွားကြရပါတယ်။ ပြန်တွေးတိုင်း ပြုံးချင်မိတဲ့ အကြောင်းအရာလေးပါပဲ။ အဲဒါ ဧပြီ ၁ရက်နေ့မှ ဇာတ်ကွက်ဖြစ်ပါတယ်။
ဘာဂါကင်းကလည်း ၁၉၉၈ ခုနှစ်မှာ သူတို့ရဲ့ ထုတ်ကုန်အသစ်ကို မိတ်ဆက်ပါတယ်။ ဗယ်သန်များအတွက် ရည်ရွယ်သော Left-hand Whopper ဆိုပဲ။
ပေါင်မုန့်ထဲမှာ စုံစီနဖာဖြည့်ထားတဲ့ စားစရာ
အဲဒီ hoax က ဘယ်လောက်တောင် အောင်မြင်လိုက်လဲဆို စားသုံးသူတချို့ခမျာ ‘အရင် ပုံမှန် ဘာဂါဟောင်း’ ကို တမင်တောင် ဖြည့်စွက်မှာကြားကြပါသတဲ့။
တကယ်ဖြစ်နိုင်လား မဖြစ်နိုင်လားဆိုတာကိုေ၀၀ါးဝါး စဉ်းစားမိသွားအောင် ရုပ်တည်နဲ့ နောက်နိုင်ကြသူများ ဒီလိုနေ့မှာ ဘယ်လို နောက်ကြမလဲ သိချင်လိုက်တာ။ ကိုယ်တိုင်ကတော့ ကြေငြာထားရမယ်။
‘လယ်-၀ယ်မလိုလိုနှင့် ယာ-ရောင်းဖြစ်သွားတတ်သော’ ကျွန်မ Uranusaquarian ဖြစ်ပါသည်…….လို့။