နည်းနည်းတော့ ညစ်ကပ်ကပ်နိုင်ပါတယ်။ သူတို့ဆီမှာဆိုတော့လည်း ဒါမျိုးလေးတွေ ရှိမှာပေါ့နော်။

မြင်တဲ့အတိုင်းပါပဲ။ အမေဆိုတာ အဲဒီလိုမျိုး ပိုင်ပိုင်နိုင်နိုင် နားရွက်ဆွဲနိုင်တဲ့ အရည်အချင်းမျိုး အပြည့်အ၀ ပိုင်ဆိုင်ကြသူတွေပါ။ အဟဲ….. အဲဒီလို နားရွက်ဆွဲချင်အောင် သားတော်မောင် ဘာတွေလုပ်လိုက်ပါလိမ့်။

ဂျွန်တစ်ယောက် သူ့မေမေကို ထမင်းစား ဖိတ်ပါတယ်၊ (သူက အိမ်ခွဲနေတာ မထူးဆန်းဘူးနော်။ ပြောပြီးသား၊ သူတို့ဆီက ဟာသ ပါလို့) ထမင်းစားဖို့ ရောက်နေတုန်း ဂျွန့် အခန်းဖော်ကောင်မလေး ဂျူလီယာ ဘယ်လောက်လှလဲဆိုတာ ဂျွန့် မေမေ သတိပြုမိသွားသတဲ့။ ဟိုအရင်ကတည်းက ဂျွန်နဲ့ အခန်းဖော်တို့ရဲ့ ဆက်ဆံရေးအခြေအနေကို အာရုံစိုက်ခဲ့ရတာဆိုတော့ အခု ပိုပြီး စိတ်ဝင်စားနေတော့တာပေါ့။ ညခင်းချိန် တစ်ချိန်လုံး ဂျွန်နဲ့ ဂျူလီယာတို့ဟာ မျက်လုံးချင်းဆုံတဲ့အဆင့် က,ပါ့မလား ဆိုတဲ့ အတွေးက မေမေ့စိတ်ထဲ တရစ်ဝဲ၀ဲပေါ့။ ဂျွန်က သူ့မေမေအတွေးကို ရိပ်မိပါတယ်၊ (သားသား တယ်တော်)။ ‘မေမေ တွေးတာ သားသိပါတယ်။ ဒါပေမယ့် စိတ်မပူပါနဲ့ ၊ ဂျူလီယာဟာ အိမ်ခန်းငှါးဖော် သက်သက်ပါပဲ’ လို့ အလိုက်တသိ ပြောလိုက်ပါတယ်။

နောက် သီတင်းတစ်ပတ်လောက်အကြာမှာ ဂျူလီယာက ဂျွန့်ကို ပြောပါတယ်။ “ရှင့်မေမေ ထမင်းစားလာသွားပြီးကတည်းက ကျွန်မတို့ရဲ့ ဟင်းရည်ဆယ် ငွေယောက်ချိုကြီး မတွေ့တော့ဘူးနော်။ သူတော့ ယူမသွားလောက်ပါဘူး၊ ဟုတ်လား”

“အင်း၊ ထင်တော့မထင်ပါဘူး။ ဒါပေမယ့် သေချာအောင် စာတော့ လှမ်းရေးလိုက်မယ်လေ။”

ဂျွန်ရေးလိုက်တဲ့စာက ဒီလိုပါ။ ‘မေမေ၊ သား မေမေ့ကို သားတို့ဆီက ဟင်းခပ်ယောက်ချို ယူသွားတယ်လို့လည်း မပြောပါဘူး၊ မယူဘူးလို့လည်း မပြောပါဘူး၊ အဖြစ်ကတော့ မေမေ ပြန်သွားကတည်းက သားတို့ဆီမှာ အဲဒီ ဟင်းခပ်ယောက်ချိုကြီး ပျောက်နေတာပါပဲ၊ ချစ်သော- ဂျွန်’

ရက်များစွာကြာတဲ့အခါမှာ ဂျွန်တစ်ယောက် မေမေ့ဆီက စာ ပြန်ရပါပြီ။ ဂျွန့်မေမေ ရေးထားတာကတော့ -

‘ သား၊ မေမေ သားကို ဂျူလီယာနဲ့ အတူနေတယ်လို့လည်း မပြောပါဘူး၊ အတူ မနေဘူးလို့လည်း မပြောပါဘူး၊ အဖြစ်ကတော့ ဂျူလီယာတစ်ယောက် သူ့အခန်းမှာသာ ပြန်အိပ်ဖြစ်ခဲ့ရင် အဲဒီ ဟင်းရည်ခပ်ယောက်ချိုကို အခုကို တွေ့လောက်ပြီဆိုတာပါပဲ၊ ချစ်သော- မေမေ’

မှတ်သားရမှာကတော့ – အမေတွေဟာ ထက်မြက်ရုံမက,ဘဲ သားသမီးတွေထက် နှစ်ကွက်လောက် ကျော်မြင်တတ်ကြတယ် ဆိုတာပါပဲ။ ဟီး- သားသား ကြောက်ကြောက်။

2 Responses to “အမေဆိုတာ ……..”

  1. Boyz Says:

    မိုက်တယ်။ ဖတ်ဖူးတယ်။ ယင်းဂလိပ်လို ဆိုတော့ ကိုယ်က သိပ်တော်တာ မဟုတ်လား။
    ဘာမှ နားမလည်သွားဘူး။
    ခုလို မြန်မာမှုပြုပေးတဲ့သူ ရှိမှ သေချာ သဘောပေါက်တော့တယ်။
    တော်ရှာပါတယ်အေ့ တော်ရေ့.. တော်ရှာပါတယ်အေ။


  2. ကဘွိုင်း မေမေ့ကို အကွက်လှည့်ချင်ရင်တော့ ၃ကွက်ထက်မနည်း ပြင်ဆင်ထားပေါ့ဗျ။ :P (အနော်ပြောတယ်လို့တော့ ပြောနဲ့ပေါ့ :D ခွိခွိ )

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Connecting to %s

Follow

Get every new post delivered to your Inbox.