ရေဒီယိုအစီအစဉ်တွေ နားထောင်ဖြစ်ကြောင်း ပြောထားပြီး ရေဒီယိုလိုင်းတွေကို အချိန်နှင့် တပြေးညီ မပြောင်းထားမိ၍ AOL Radio ကို ဖွင့်မရကြောင်းလည်း မပြောဖြစ်ပါ။ ခု နောက်တစ်မျိုးတိုးပြီး မျိုးစုံ ကလိနိုင်သော Live 365 Radio ထဲမှ Cyclone Radio ကို မှန်မှန် ဖွင့်ဖြစ်ပါသည်။ ဘယ့်ကလောက် စုံသနည်းဆိုသော်……… ၁၉၄၀ ခုနှစ်များဆီမှ နာမည်ကြီး Hit သီချင်းများအစ၊ ၁၉၈၀ ပတ်ဝန်းကျင် ပေါ့ပ် သီချင်းများ အလယ်၊ နောက်ဆုံးပေါ် အော်တာနေးတစ်ဗ်ဆိုသည်များ အဆုံး အကုန်လုံးကို တစ်နေ့လုံးနေ၍ သီချင်းတစ်ပုဒ်မထပ်ရအောင် လွှင့်နိုင်ပါပေသည်။ (အဲ – ပြောနေရင်း မနေ့က နေ့လည်လွှင့်သွားသော ခေတ်ဟောင်းသီချင်းလေး ပြန်လာနေ၏၊
)
မနေ့ တနေ့ကမှ ရွှေကမ္ဘာလုံးဆုသတင်းဓါတ်ပုံတွေ ကြည့်မိသည်။ ဒီတော့ Julie & Julia ကြည့်ချင်သွားသည်။ ရှာမည်။ တွေ့လျှင် ဒေါင်းမည်၊ ကြည့်မည်။ ချက်တင်ထိုင်ရင်း ရုပ်ရှင်ကြည့်မည် စိတ်ကူးသည်။
Jurong East ပေါ်ပြူလာမှာ ဆိုင်ပြောင်းခါနီး အလွန့်အလွန် ဈေးတွေ ချနေသည်။ နောက်တစ်ပတ်ခံပါဦးမည်လားမသိ။ မထင်။ စနေ နေ့ နောက်ဆုံးထား၍ အလကားနီးနီး ဈေးချမည့် စာအုပ်ပုံများထဲမှ မူကြိုကလေးဖတ်ရန်စာအုပ်များကို သဲကြီး မဲကြီး ဖယ်ကာ လိုချင်တာ မရသေးသလိုပုံစံနှင့် ရှာဖွေရေး ဆင်းနေသူ အပြင်းစား ကုမ်ရာသီသူကို မမြင်ယောင်ဆောင်သွားကြပါရန် ကြိုတင် မေတ္တာ ရပ်ခံပါသည်။ (ဟဲ ဟဲ)
IMM နှင့် တစ်မှတ်တိုင်အကွာ International Business Park နှင့် မျက်နှာချင်းဆိုင်တွင် The Chevrons ရှိသည်။ စနေနေ့ နံနက် ၁၀ နာရီမှ ညနေ ၆ နာရီအတွင်း Branded ပစ္စည်းမျိုးစုံ လျှော့ဈေးချမည်ဟု ကြော်ငြာ ကပ်ထားသည်ကို တွေ့ရပါသည်။ စိတ်ပါဝင်စားသူများ ယောင်တောင်ပေါင်တောင် ပိုက်ဆံကုန်ရအောင် အဖေါ်ညှိလိုက်ပါကြောင်း။
ဤတွင် လတ်တလောသတင်းများကို ရောက်တတ်ရာရာ ပေါက်ပေါက်ဖောက် အစီရင်ခံခြင်းများ ခေတ္တရပ်ဆိုင်းခွင့်ပြုပါရန်။